OSPF Verification Review :

ခေါင်းစဉ်ကတော့ တော်တော်ကြီးသွားပါတယ်။ အကြမ်းအားဖြင့် လို့ ခေါင်းစဉ်ဘေးမှာ တပ်သင့်ပါတယ်။

OSPF network တစ်ခုကို verify လုပ်မယ်ဆိုရင် Network ကို ဘယ်လို Design နဲ့ ကိုယ်ကဘယ်လို မျိုးလိုချင်တယ်ဆိုတာကို ကောင်းကောင်းသိဖို့လိုမယ်ထင်ပါတယ်။ Verify လုပ်တယ်ဆိုရာမှာ Design & Implementation ထဲမှာပါတဲ့ ဒီ Network ကဘာတွေလုပ်ဆောင်ဖို့လဲ၊ ဆိုတဲ့ goals တွေအားလုံးကို meet ဖြစ်ဖို့ပါပဲ။

ဆိုပါစို့၊ အကြမ်းအားဖြင့် fully reachable Network ကိုလိုချင်တဲ့ Network Engineer တစ်ယောက် ဟာ၊ Router တစ်ခုချင်းစီရဲ ဘယ် interface တွေမှာ OSPF ကို enable လုပ်မယ်ဆိုတာကစရမှာပါ။ နောက်တစ်ဆင့်က၊ neighbor relation တွေဟာ တကယ့်ကိုအလုပ်လုပ် မလုပ်ကြည့်ပါမယ်။ ပြီးတာနဲ့ non-ABR (area နှစ်ခုကြားခွမဟုတ်ပဲ area တစ်ခုထဲမှာပင် လုံးလုံးပါဝင်သော Router) တွေဟာ သူတို့နဲ့ ဆိုင်ရာ area ရဲ့ topology information တွေကိုပဲသိမ်းထားသလား ဆိုတာကို OSPF table ကို သုံးသပ်ပြီး စစ်သင့်ပါတယ်။ နောက်ဆုံးတစ်ဆင့်ကျမှ၊ Router တစ်လုံးချင်းစီရဲ့ Routing table မှာ Router တိုင်းကို သိပြီးသားဖြစ်မဖြစ်စစ်ရပါမယ်။ အထက်ပါအဆင့်အတွေအတွက် အောက်က show command တွေကို အဆင့်ဆင့်သုံးနိုင်ပါတယ်။

- show ip ospf interface brief

- show ip protocols

- sh ip ospf neighbors

- sh ip ospf database

- sh ip route

Ref : Cisco.Press.CCNP.ROUTE.642.902.Official.Certification.Guide.Feb.2010.

0 comments:

Post a Comment