BRAS or xDSL sessions Terminator (Juniper E Series)

မင်္ဂလာပါဗျာ။ ကျွန်တော်ရဲ့လက်ရှိ လောလောဆယ် နေရာကလဲ BRAS တွေကိုစီမံရတဆိုတော့ ဒီ BRAS တွေနဲ့ပဲစလိုက်ရအောင်။ ဒီ BRAS ဆိုတဲ့ Braodband Remote Access Server တွေဟာ တကယ်တန်းတော့ စွမ်းဆောင်ရည်မြင့် Router တွေပါပဲ။ BRAS တွေရဲ့အဓိက တာဝန်ဖြစ်တဲ့ DSL Sessions Termination ကိုလုပ်ဆောင်ရာမှာသူတို့ဟာ Session ထောင်ပေါင်းများစွာကို တပြိုင်ထဲ ချောချောမွေ့မွေ့ ကိုင်တွယ်နိုင်လောက်အောင်ကို powerful ဖြစ်ကြပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ဟာ Juniper E Series တွေကို သုံးနေပြီးတော့ တခြား Platform တွေဖြစ်တဲ့ Cisco တို့ Huawai တို့လဲ ရှိကြပါတယ်။ ဒီကောင်ကြီးတွေရဲ့ စွမ်းဆောင်ရည်အသေးစိတ်ကို နောက်ပိုင်းမှာ ပို့စ်တင်ပါဦးမယ်။



သူတို့တွေဟာ တစ်ခုထက်မကသောအောက်ပါ တာဝန်တွေကို ထမ်းဆောင်ကြတယ်။
- PAP နဲ့ CHAP ကိုအသုံးပြုပြီး PPP session တွေကို authenticate လုပ်တန်လုပ် terminate လုပ်တန်လုပ်ခြင်း
- DHCP Server နဲ့ ပူးတွဲတာဝန်ယူပြီး local IP Pools ထဲက IP များကို ဖြန့်ဝေ assign လုပ်ခြင်း
- RADIUS Server ကိုဆက်သွယ်ခြင်းအာဖြင့်သော်လည်းကောင်း subscribers တွေရဲ့ ပူးတွဲပါနေတဲ့ Domain Name တွေကိုအသုံးပြုခြင်းအားဖြင့်လည်းကောင်း user profile အဆင့်ခွဲခြားပေးခြင်း၊ ဥပမာ 3Mb User ကို 3Mb rate limit profile ကိုသုံးခြင်း။
- RADIUS Server ကို Accountaing လုပ်ခွင့်ပေးခြင်းအားဖြင့် Detail Billing Information ကိုရယူနိုင်ခြင်း။ ဥပမာ - အရင်ခေတ်များက User များအား ၁ လ 1GB သုံးစေပြီး အပို Data transaction ပမာန အား ထပ်ဆောင်းပေးစေခြင်း။ အခုခေတ်မှာတော့ နဲသွားပါပြီ)
- User Profile များကို ထိန်းချုပ်နိုင်တဲ့ Application များရှိခြင်း။ ဥပမာ၊ traffic Flow များ QOS Profile များ Routing Profile များ ပြုလုပ်ခွင့်ပေးခြင်းအားဖြင့် ထိန်းချုပ်ခွင့်ပေးခြင်း။
စတာတွေဖြစ်ပါတယ်။
ဒီလို BackBone Router တွေရဲ့ output ကိုလဲ OC3/STM1 လိုမျိုး High-Speed-Link တွေကျွေးထားရပါတယ်။ Traffic တွေကို Logically အရ ခွဲချင်ခွဲလို့ရအောင်လဲ ဒီ Router ကြီးထဲမှာပဲ Virtual Router တွေထပ် configurare လုပ်ခြင်းအားဖြင့် ဒီ packet တွေကတော့ ဒီ destination ကိုပဲ သွားပါလို့လုပ်လို့ရပါသေးတယ်။ ကျွန်တော်အလုပ်ထဲမှာတော့ BRAS တစ်လုံးမှာ VR ငါးလုံးလောက်အထိထားတာကို ပြဿနာ မရှိပါဘူး။ Resources Utalization မှာ CPU usage တက်သွားတာမျိုးသိသိသာသာမရှိပါဘူး။
Juniper E Series တွေက အောက်ပါ XDSL Protocols တွေ အပြင်တခြား Protocol တွေကိုလဲ support လုပ်ပါသေးတယ်။
IP -> PPP -> ATM
IP -> PPP -> Ethernet -> ATM
IP -> Bridge Ethernet -> ATM

မှတ်ချက်။ BRAS Configuration ကိုကြည့်ချင်ရင်တော့ JUNOSe Broadband Access Configuration Guide ကိုကြည့်ပါ။

0 comments:

Post a Comment