GNS3, Oops! Router config are gone??


Networking လုပ်ကြတဲ့သူတိုင်း Simulator ကောင်းကောင်းတော့လိုကြတာပါပဲ။ GNS3 ကိုတော့ တော်တော်များများသုံးဖူးကြပါလိမ့်မယ်။ ကျွန်တော်လဲ စသုံးတော့ ရုံးမှာအားနေတဲ့ အချိန်တော်တော်များများကို Network Design လေးချ၊ တချို့ Router တွေ Configure လုပ်ပြီး project ကို save လုပ်ပြီးပြန်ယူလာတာ။ အိမ်ကျတော့ ပြန်လဲဖွင့်ရော ၊ topology ကတော့ save ပါရဲ့။ အားပါး Router တွေအားလုံးက အသစ်အတိုင်း အခွံတွေကြီးပါပဲလား။
မပိတ်ခင် သေသေချာချာ File > Save ဆိုတာကို နှိပ်လာရက်သားနဲ့။

ဒါဆိုရင်တော့ ဒီလိုပြန်လုပ်ရပါပြီ၊

GNS3 ကိုပြန်ဖွင့်
Lab တစ်ခု အသစ်ပြန်စ
Filf > New Project
ဒီတခါတော့ သေချာပေါက် 'Export Router Configuration files' ဆိုတာနဲ့ 'keep working directory files' ဆိုတာတွေကို check လုပ်လိုက်ရတယ်။ ဟူးးးးးးးးးးးးးးးး....။

ကျွန်တော့် လို မေ့ကျန်ခဲ့မှာဆိုးလို့ပါ။ နို့မိုဆို ကိုယ်အာရုံရတုန်း လေး အားစိုက်လုပ်ထားတာလေးတွေ ပါသွားဦးမယ်။

0 comments:

Post a Comment