Showing posts with label ISP. Show all posts
Showing posts with label ISP. Show all posts

Me vs PPPOE.

Configures the router to dynamically create PPPoE subinterfaces over static PPPoE major interfaces.

what happened is, the vlan interface is configured,for eg. ETHERNET 13/0/2.132, without an IP, In this case, i'm not sure
whethere we can configure ip address for a vlan,
the vlan status will be down, until someone plug in the cable.
once the physical interface comes up.
The vlan also will comes up.
the DSLAM will forward ppp packets, for them, BRAS will create PPoe subinterfaces, automatically,
on the major subinterface which is vlan. 13/0/2.132.

I need to find out, what is the maximum subinterface id number.

E.g. - PPPoE subinterface GigabitEthernet 16/0/2.830.184388 is operStatusUp (dynamic)

Internet Route Aggregation


IP Block အသေးလေးတွေ ကို Classful Network Address တွေအစား အသုံးပြုစေခြင်းအားဖြင့် IPv4 Public Address တွေရဲ့ပမာဏကို ချောင်ချိသက်သာစေတော့ Internet ကြီးရပ်မသွားတော့ပေမယ့်လည်း ဒီအလေ့အထလေးကြောင့်မို့လို့ public subnets လေးတွေ အများအပြား Internet ပေါ်ရောက်လာစေတယ်။ ပြီးတော့ Routing Table ဟာလဲအဲဒီ အတော်များများသော route တွေအတွက် အလုပ်ပိုလာစေပါတယ်။ ဥပမာ…

ဆိုပါတော့ ကွန်တိန်နာနဲ့ ပစ္စည်းတွေထည့်ပို့ကြတယ်ပေါ့။ ပစ္စည်းပို့ချင်တဲ့သူတိုင်းကို အရွယ်တူဆိုဒ် တူ စက္ကူပုံးတွေဝေပေးလိုက်ပြီး သူတို့ပစ္စည်းကို ထုပ်ပိုးစေတယ်။ TV ထည့်ချင်တဲ့သူအတွက်ကတော့ ဒီ စက္ကူပုံးနဲ့အဆင်ပြေနေနိုင်ပေမယ့်လည်း Calculator တစ်ခုထည့်ပို့ချင်တဲ့သူတွေအတွက် စက္ကူပုံးထဲကနေရာပိုတွေ ပုပ်နေပါတယ်။ ဒါပေမယ့် ပစ္စည်းတွေသယ်ပြီးနေရာချရမယ့် လူအတွက်ကတော့ စက္ကူပုံးတွေကလဲ ဆိုဒ်တူ အရွယ်တူဆိုတော့ သူအတွက်မခက်ခဲပါဘူး။ နေရာချရတာသက်သာစေပါတယ်။နေရာပုပ်တာကလဲ ပြဿနာကြီးမဟုတ်ခဲ့သေးပါဘူး။ ဒီလိုပြေလည်နေပေမဲ့လည်း၊ တဖြည်းဖြည်း…..ပစ္စည်းပို့ချင်တဲ့သူအရေအတွက်က အဆမတန်များလာပါတယ်။ ကွန်တိန်နာကလဲရှိတာကတစ်လုံးထဲဆိုတော့ အဆင်ပြေအောင် လို့ ပို့ချင်တဲ့သူတိုင်းကို သူတို့ပို့ချင်တဲ့ ပစ္စည်း size အတိအကျဘူးလေးတွေပဲ ပေးလိုက်တဲ့နည်းနဲ့ ဖြေရှင်းလိုက်ပြီးပါပြီ။ ဒါပေမယ့် ဒီနည်းကြောင့် စက္ကူဘူးအရေအတွက်တိုးလာမှာအသေအချာပဲမဟုတ်လား။

ကွန်တိန်နာက ရှိသမျှ IPv4 Network ကြီး ၊ ပစ္စည်းပို့သူများက Internet User တွေ၊ စက္ကူပုံးအကြီးက Classful IP Network နဲ့ စက္ကူဘူးသေးသေးလေးတွေက Classless (Prefixed) Network ၊ အဲဒီစက္ကူပုံးတွေကို နေရာချပေးတဲ့လူတစ်ယောက်ရှိရင် သူဟာ Internet Router ပါပဲ။ သူ Manage လုပ်ရမယ့် စက္ကူပုံး IPv4 Network တွေ အရေအတွက်ပိုများလာမှာပါ။သူဟာတစ်ကြိမ်မှာ တစ်ပုံးပဲ သယ်နိုင်တယ်ဆိုရင် အဲဒီတစ်ကြိမ်ကို Route တစ်ခုလို့သတ်မှတ်လို့ရပါတယ်။ ဒါဆိုရင်… Internet Router အတွက် Manipulate လုပ်ရမယ့် Route တွေပိုများလာပါတော့တယ်။ ဒါတွေဟာ Classless (prefixed) စက္ကူပုံးအသေးတွေသုံးစေခြင်းအားဖြင့် နေရာပုပ်မှုကို ဖြေရှင်းလိုက်တာကြောင့်ပါ။

အဲဒီ စက္ကူပုံးအရေအတွက်အခက်အခဲ ကိုဖြေရှင်းနိုင်တာ ခုဒီခေါင်းစဉ်ပါ။ အရေအတွက်များလာတဲ့ Route တွေကို Aggregate လုပ်ပစ်လိုက်ရပါမယ်။ ပေါင်းထုပ် ဝေငှပစ်ရပါမယ်။ အောက်ကဥပမာအရဆိုရင်..။

ပုံကြီးချဲ့ကြည့်ရန် ကလစ်နှိပ်ပါ။




ဥရောပ နဲ့ တောင်အမေရိက က Router တွေဟာ IANA (Internet Assigned Numbers Authority) က ARIN (American Registry for Internet Numbers) ကို 198.0.0.0/24 ဆိုတဲ့ Block ချထားပေးတယ်ဆိုတာ သိနေကြတယ်ဆိုပါတော့။ သဘောက တောင်အမေရိက Router တွေဆီရောက်ဖို့ဆိုရင် 198.0.0.0/8 တွေပဲသုံးရမယ်ပါတော့။ အဲဒီပုံရဲ့သဘောကတော့ဗျာ၊ တောင်အမေရိက အပြင်ဘက်မှာရှိတဲ့ Router တွေက တောင်အမေရိကကို packet တွေ forward လုပ်ကြတယ်ဆိုပါတော့၊ တောင်အမေရိကမှရှိတဲ့ Router တွေကသာ ပိုအသေးစိတ်တဲ့ လမ်းကြောင်းကိုသိတယ်တဲ့။ ဒါပါပဲ။ တောင်အမေရိက Router တွေကသာ တောင်အမေရိကရဲ့ ပိုအသေးစိတ်တဲ့ Route တွေကိုသိရမှာပါ။

ဒါပဲလေ၊ကျွန်တော်ဘန်ကောက်သွားလည်တော့ ကျွန်တော့်သူငယ်ချင်းက သူ့မှာရှိတဲ့ ဘန်ကောက်သားသူငယ်ချင်းရဲ့ဖုန်းနံပါတ်ပေး လိုက်ပါတယ် ဒါပါပဲ။ ဘန်ကောက်ရောက်တော့ ဘန်ကောက်သားကပဲ လမ်းပြလိုက်ပို့တာပါ။ ကျွန်တော်သိဖို့ မှတ်ထားဖို့က ဘန်ကောက်သား ရဲ့ဖုန်းနံပါတ်ပါပဲ။ ဘန်ကောက်ကလမ်းတွေကို ကျွန်တော်မှတ်သွားစရာမလိုပါဘူး။ ကျွန်တော်ရဲ့ ဘန်ကောက် လမ်းကြောင်းတွေမှတ်ထားတဲ့စာအုပ်လေး အဖုံးမှာ ဘန်ကောက်သားဖုန်းနံပါတ်လေးမှတ်လိုက်ယုံပါပဲ။ စာအုပ်တောင်ဖွင့်စရာမလိုတော့ပါဘူး။ အထဲက မှတ်ထားတာတွေကို အပေါ်ကဖုန်းနံပါတ်လေးက တာဝန်ဝင်ယူသလို Aggregate လုပ်လိုက်တာပါ။ ဘန်ကောက်ရောက်တော့လဲ တခြားဘန်ကောက်မှာနေတဲ့ မြန်မာသူငယ်ချင်းတွေက မင်းသူငယ်ချင်း ထိုင်းကောင်ကို မေးစမ်းပါ။ ငါတို့ကို ကလပ်ခေါ်သွားခိုင်းစမ်းပါဆိုတော့။ ဘန်ကောက်သားကလဲ သူတို့ထိုင်းချင်းမေးမြန်းလိုက်တော့၊ ဟေ့ ပက်ပုံးတွေဘာတွေသွားမနေနဲ့၊ ငါတို့ အေဘက်ကကောင်တွေသွားတဲ့ကလပ်တွေကတော့ဒီနေရာ ဒီနေရာတွေပဲ။ငါတို့နဲ့လိုက်ခဲ့ဆိုပြီး ဘန်ကောက်သားကိုပါဆရာပြန်လုပ်သွားပါတယ်။ ဒါကိုကြည့်ရင်ဘယ်သူ့ဘယ်သူကမှ အသေးစိတ်မှတ်ထား သိထားစရာမလိုပဲ ကျွန်တော်တို့ကို လိုက်ပို့နိုင်တယ်ဆိုတာပါပဲ။ ကျွန်တော်သူငယ်ချင်း မြန်မာတွေ ဘန်ကောက်ရောက်ကျောင်းတက်နေပေမယ့်လည်း ဘန်ကောက်သားစစ်စစ် မဟုတ်တော့ အိမ်ရှင်လိုကယ်သားကို မေးရတာပါပဲ။အိမ်ရှင်ဘန်ကောက်သားကလဲ သူ့ထက်သိတဲ့ သူ့သယ်ရင်းကိုမေးလိုက်ယုံပါပဲ။ သူအကုန်သိမှလိုက်ပို့လို့ရတာမဟုတ်ပါဘူး။

အဲလိုပဲ၊ နောက်တဆင့်၊ တောင်အမေရိက Router တွေကိုကြည့်ရအောင်။ အထူးသဖြင့် NA-ISP1 Network ရဲ့အပြင်ဖက်က Router တွေကိုပေါ့။ ပုံမှာဆိုရင် ဘယ်ဘက်က NA-ISP2(North American ISP number 2) ပေါ့။ အဲဒီ Router က 198.133.0.0/16 ဆိုတဲ့ Route တစ်ခုရှိတယ်။ 198.133.0.0/16 ဆိုတာ NA- ISP1 ကို IANA ကချထားပေးထားတော့ NA-ISP2့ ကသိနေတယ်။ သူ့ဆီကသွားမယ့် packet တွေရဲ့ Destination တွေဟာ 198.133.0.0/16 ထဲအကြုံးဝင်ရင် NA-ISP1 ဆီပဲအကုန်ပို့ပစ်တယ်။ ဘယ် Destination အတွက်ဘယ်လမ်းကြောင်းသူမသိဘူး၊ သိစရာလဲမလိုဘူး။အဲမှာသူက 198.133.219.16/29 ဆိုတဲ့ host ကိုပို့ချင်တယ်။ဒီ host က NA-ISP1 ရဲ့ IP Block ထဲမှာအကြုံးဝင်နေတယ်ဆိုတာသူသိတယ်၊ အသေးစိတ်ကိုသူမသိဘူး။ သိဖို့လဲမလိုဘူး။ ဒါကြောင့် NA-ISP1 ကိုသူ forward လုပ်ပေးလိုက်တယ်။

နောက်ဆုံးအဆင့်၊ NA-ISP1 ထဲက Router တွေဟာ ဘယ် Router က ဒီ Destination ဆီရောက်နိုင်လဲဆိုတာသိရပါတော့မယ်။ NA-ISP1 ထဲက Router တိုးရဲ့ Routing Table မှာ 198.133.219.16/29 ကဘယ် Router မှာလဲလို့စစ်လိုက်ယုံပါပဲ။

အထက်ပါ အဆင့်တွေကိုလုပ်ခြင်းအားဖြင့် Internet Core Router တွေရဲ့Routing Table တွေ မှာ အရင်က သန်းပေါင်းမြောက်များစွာသော Route တွေကို ထောင်ပေါင်းမြောက်များစွာသော Route များအစားထိုးခြင်းဖြင့် သေးငယ်အောင်လျှော့ချပစ်လိုက်နိုင်ကြပါတယ် - Geoff Huston (Internet ကြီးထွားမှုကိုနှစ်ပေါင်းများစွာလေ့လာသူ) ဆိုတဲ့သူစာရင်းပြုစုထားတဲ့ www.potaroo.net မှာ ၂၀၀၉ ခု သြဂုတ်လအထိ BGP Route ပေါင်း ၃၀၀၀၀၀ (သုံးသိန်း) ခန့် Internet ပေါ်မှာရှိနေပါတယ်။

Ref: Cisco.Press.CCNP.ROUTE.642.902.Official.Certification.Guide.Feb.2010.



The Basic of Internet Routing and Addressing

Internet ကို Design ဆွဲ့ခဲ့ကြတုန်းက ကမ္ဘာတ၀န်းမှာ ရှိနေတဲ့ host တွေအားလုံးကို unique ဖြစ်တဲ့ IPv4 address တွေ Assign လုပ်ပြီး အဲဒီ ip တွေ ဆက်သွယ်စေခြင်းပါပဲ။ IP ကွန်ရက် ကြီးပေါ့ဗျာ။ တယ်လီဖုန်း Network ကြီးလိုပေါ့။ လိုင်းဖုန်း မိုဘိုင်း ဘယ်ဖုန်းမဆို နံပါတ်တွေက မထပ်ဘူး တစ်လုံးနဲ့တစ်လုံးလည်း ချိတ်ထားကြတယ်။

အဲဒီလို မျိုးဖြစ်စေချင်ခဲ့တော့၊ ကမ္ဘာတ၀န်း အဖွဲ့အစည်းတွေကို register လုပ်ခိုင်း ပြီးတော့ သူတို့ကို Classfull Public IP Network တစ်ခု ဒါမှမဟုတ် တစ်ခုထက်မကတာတွေပေးရတာပေါ့။ မင်းက Class A ဒီ Address ယူ၊ သူကတော့ Class C ဟို Address ယူ စသည်ဖြင့်ပေါ့။ ပြီးတော့ သူတို့ရဲ့ Assign လုပ်ထားတဲ့ ကိုယ်ပိုင် Address များကိုသာသုံးစေတယ်။ ဟေ့ မင်းကမင်း ကိုပေးထားတာပဲသုံး၊ ဟိုကိုလဲ သူတို့ကိုပေးထားတာပဲသုံးစေမယ်။ အဲလိုလုပ်ခြင်းအားဖြင့် host တစ်ခုရဲ့ address ဟာ တစ်ကမ္ဘာလုံးမှာ ဘယ်သူရဲ့ Address နဲ့မှမတိုက်ဘဲ ဘယ်တော့မှ နှစ်ခု မထပ်တဲ့ unique ဖြစ်စေတယ်။

အဲဒီတုန်းကလဲ organization တစ်ခုကို Classful Network တစ်ခု ပေးလိုက်တာပဲဆိုတော့ Internet Router ရဲ့ routing table က သေးသေးလေးပဲတဲ့။ Internet Router ကလဲ အေးဆေးပဲတဲ့ ၊ ဒီ packet လား ဘယ် address ကိုသွားမှာလဲ အော် ဒါဆို ဟို IP Class ထဲသာ သွားလိုက် ဆိုတာမျိုးပေါ့။ Class ထဲမှာရှိတဲ့ IP block တွေအထိလိုက်စဉ်းစားစရာမလိုဘူးပေါ့။ Classfull Network တစ်ခုအတွက် Route တစ်ခုထားလို့က်ရုံပဲ။ ဆိုပါတော့၊ အဖွဲ့အစည်းတစ်ခုက အင်တာနက် ချိတ်ချင်တယ်၊ ဒါဆို ရော့ မင်းတို့အတွက် Class B Network 128.107.0.0/16 ယူလိုက်၊ ဒီထဲမှာ subnet 500 ပါတယ် လို့ပေးလိုက်တာမျိုးပါ။ ပြီးတော့ Internet Router မှာအဲဒီ Class B တစ်ခုလုံးအတွက် Route တစ်ခုပဲထည့်ပေးရုံပါပဲ။ အဲဒီထဲမှာပါတဲ့ Subnet တွေအားလုံးပါသွားရော။

အချိန်ကြာလာတော့၊ Internet က သောက်ကျိုးနဲ ကြီးထွားလာပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ဒီကိစ္စကြီးက သိသိသာသာကြီးကို ထင်ရှားလာပြီး တစ်ခုခု မှမလုပ်ရင် Internet ကြီးရပ်သွားတော့မယ် ဆိုတာ ရှင်းသွားပါတယ်။ ဘာလို့လဲဆိုတော့ အပေါ်ကပြောခဲ့သလို Address တွေကလဲ ဆက်တိုက်ချပေးနေရတယ်၊ ရှိရှိသမျှ Public Classfull Network တွေကို အကုန်ချပေးရတော့မလိုတောင်ဖြစ်နေတယ်။ နောက်တစ်ခုက Router တွေဟာ Classfull တစ်ခုလုံးကိုမှ Route တစ်ခု ထည့်ပေး ပြီး Subnet တွေကို ထည့်မစဉ်းစားပဲ ignore လုပ်ထားတာတောင်မှ Routing Table ကြီးက နည်းတဲ့ဆိုဒ်ကြီးမဟုတ်ပဲ အရမ်းပွလာပြီး အဲဒီခေတ်က Technology အနေနဲ့ ထိန်းသိမ်းရခက် size ကြီးဖြစ်လာပါတော့တယ်။( တကယ်တော့ ၂ သန်းကျော်မျှသော Class C Network ကြီးကို Routing Table တစ်ခုထဲမှာ ထည့်ထားဖို့ဆိုတာ ယနေ့ခေတ် Router တွေအတွက်တောင် တော်တော်စဉ်းစားရဦးမယ့်ကိစ္စမျိုးပါ)

ဒီပြဿနာနှစ်ခု

- လက်ရှိချပေးနေတဲ့ Public Address တွေ ကုန်တော့မလိုဖြစ်လာတဲ့ ပြဿနာ နဲ့

- အဆမတန်ကြီးလာတဲ့ Routing table ကို ဘယ်လိုကိုင်တွယ်မယ် ဆိုတဲ့

အဲဒီ ၂ ခု၊ ဒါကို ကိုင်တွယ်ဖို့ရာ၊ Internet Community တွေဟာ စည်းဝေးတိုင်ပင်လိုက်ကြပြီးတော့ ရေရှည်နဲ့ ရေတို solution တွေထုတ်လိုက်ကြတယ်။ ရေတို solution မှာအောက်က အချက်တွေပါပါတယ်။

- Public IP Address တွေ အလဟသ Class လိုက်ချပေး နေတာကိုလျှော့ချပစ် ဖို့ (Class A,B,C တွေချပေးနေတာကနေ လိုအပ်သလောက် IP Address ပမာဏကိုပဲ prefixes တွေသုံးပြီးချပေးဖို့)

- Public Ip Address တွေလိုအပ်ချက် ကို လျှော့ချပစ်ဖို့ (PAT သို့ NAT overload ကိုသုံးပြီး Public Ip Address ၁ ခုထဲကနေ IP Address ပေါင်း ၆၅၀၀၀ ထိပွားပေးနိုင်ပါတယ်)

- Routing Table ပမာဏကြီးထားနေမှုကို လျှော့ချပစ်ဖို့ ( ဒီအတွက် Router တွေက သူတို့နဲ့ချိတ်ဆက်ထားတဲ့ ISP တွေနဲ့ users တွေ ဘယ်လိုလေးတွေတည်ရှိနေတယ် ဆိုတာ နဲနဲပိုနားလည်သွားဖို့နဲ့ ဒီအတွက်ကြောင့် လမ်းကြောင်းတွေကို summarize လုပ်နိုင်သွားပါလိမ့်မယ်၊ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ သာဆိုရင် Routing Table size တော်တော် သေးသွားနိုင်ပါတယ်)

Ref: Cisco.Press.CCNP.ROUTE.642.902.Official.Certification.Guide.Feb.2010.

Broadband Service Router, Juniper E320 - Vital Stats:

Broadband Service Router, Juniper E320 တွေရဲ့ စွမ်းဆောင်ရည်အချို့ပါ။

Juniper ကြော်ငြာဆိုပါတော့။

ကဲစလိုက်ရအောင်။

- သူရဲ့ traffic capicity က ၁၀၀ - ၃၂၀ Gbps ထိ Handle လုပ်နိုင်တယ်။

- Subscribers ပေါင်း ၁၂၈၀၀၀ (တစ်သိန်းနှစ်သောင်းရှစ်ထောင်) ထိပြဿနာမရှိနိုင်ပါဘူး။ (Production Network မှာ Router ရဲ့Maximum စွမ်းဆောင်ရည် ထိခိုင်းပြီး ဘယ်သူမှ Risk မယူပါဘူး)

- Chasis အနောက်ဘက်မှာ I/O slot ပေါင်း ၁၂ ခုကနေ ၂၄ ခုထိ ထည့်နိုင်တယ်။

- Performance ကတော့ တစ်စက္ကန့်မှာ Packet ပေါင်း သန်း ၈၀ ကနေ သန်း ၁၂၀ ထိ support လုပ်ပေးနိုင်ပါတယ်

- Routing Table ပေါင်း ၁၀၀၀ Table ထိအောင် တပြိုင်ထဲ forward လုပ်ပေးနိုင်တယ်။

- Slot တစ်ခုမှာ GE port ပေါင်း ၂ ခုကနေ ၁၀ ခုထိ ထည့်နိုင်တယ်။

- အားလုံးပေါင်း total GE port ၉၆ port ထိရှိနိုင်တယ်။

- ၂၀ Gbps တာဘို slot 2 ခုထည့် နိုင်ပါတယ်။

Production Network မှာတော့ သူတို့တွေကို Maintain လုပ်ရတာ တခြား Internet Core Router တွေလိုမဟုတ်ဘဲ ပိုပြီး ဂရုစိုက်ရပါတယ်။ ဘာလို့လဲဆိုတော့ သူက Customer Notes တွေကို တိုက်ရိုက် effect ဖြစ်နိုင်လို့ပါ။ ဥပမာ- Port တစ်ခုမှာ Hardware Issue ဖြစ်တယ်ဖြစ်ဖြစ်၊ DDOS ကို Handle လုပ်နေရလို့ပဲဖြစ်ဖြစ် port တစ်ခုထဲရဲ့ Impact ဟာ Customer ပေါင်း ထောင်ဂဏန်းလောက်ဖြစ်သွားနိုင်ပါတယ်။

BRAS or xDSL sessions Terminator (Juniper E Series)

မင်္ဂလာပါဗျာ။ ကျွန်တော်ရဲ့လက်ရှိ လောလောဆယ် နေရာကလဲ BRAS တွေကိုစီမံရတဆိုတော့ ဒီ BRAS တွေနဲ့ပဲစလိုက်ရအောင်။ ဒီ BRAS ဆိုတဲ့ Braodband Remote Access Server တွေဟာ တကယ်တန်းတော့ စွမ်းဆောင်ရည်မြင့် Router တွေပါပဲ။ BRAS တွေရဲ့အဓိက တာဝန်ဖြစ်တဲ့ DSL Sessions Termination ကိုလုပ်ဆောင်ရာမှာသူတို့ဟာ Session ထောင်ပေါင်းများစွာကို တပြိုင်ထဲ ချောချောမွေ့မွေ့ ကိုင်တွယ်နိုင်လောက်အောင်ကို powerful ဖြစ်ကြပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ဟာ Juniper E Series တွေကို သုံးနေပြီးတော့ တခြား Platform တွေဖြစ်တဲ့ Cisco တို့ Huawai တို့လဲ ရှိကြပါတယ်။ ဒီကောင်ကြီးတွေရဲ့ စွမ်းဆောင်ရည်အသေးစိတ်ကို နောက်ပိုင်းမှာ ပို့စ်တင်ပါဦးမယ်။



သူတို့တွေဟာ တစ်ခုထက်မကသောအောက်ပါ တာဝန်တွေကို ထမ်းဆောင်ကြတယ်။
- PAP နဲ့ CHAP ကိုအသုံးပြုပြီး PPP session တွေကို authenticate လုပ်တန်လုပ် terminate လုပ်တန်လုပ်ခြင်း
- DHCP Server နဲ့ ပူးတွဲတာဝန်ယူပြီး local IP Pools ထဲက IP များကို ဖြန့်ဝေ assign လုပ်ခြင်း
- RADIUS Server ကိုဆက်သွယ်ခြင်းအာဖြင့်သော်လည်းကောင်း subscribers တွေရဲ့ ပူးတွဲပါနေတဲ့ Domain Name တွေကိုအသုံးပြုခြင်းအားဖြင့်လည်းကောင်း user profile အဆင့်ခွဲခြားပေးခြင်း၊ ဥပမာ 3Mb User ကို 3Mb rate limit profile ကိုသုံးခြင်း။
- RADIUS Server ကို Accountaing လုပ်ခွင့်ပေးခြင်းအားဖြင့် Detail Billing Information ကိုရယူနိုင်ခြင်း။ ဥပမာ - အရင်ခေတ်များက User များအား ၁ လ 1GB သုံးစေပြီး အပို Data transaction ပမာန အား ထပ်ဆောင်းပေးစေခြင်း။ အခုခေတ်မှာတော့ နဲသွားပါပြီ)
- User Profile များကို ထိန်းချုပ်နိုင်တဲ့ Application များရှိခြင်း။ ဥပမာ၊ traffic Flow များ QOS Profile များ Routing Profile များ ပြုလုပ်ခွင့်ပေးခြင်းအားဖြင့် ထိန်းချုပ်ခွင့်ပေးခြင်း။
စတာတွေဖြစ်ပါတယ်။
ဒီလို BackBone Router တွေရဲ့ output ကိုလဲ OC3/STM1 လိုမျိုး High-Speed-Link တွေကျွေးထားရပါတယ်။ Traffic တွေကို Logically အရ ခွဲချင်ခွဲလို့ရအောင်လဲ ဒီ Router ကြီးထဲမှာပဲ Virtual Router တွေထပ် configurare လုပ်ခြင်းအားဖြင့် ဒီ packet တွေကတော့ ဒီ destination ကိုပဲ သွားပါလို့လုပ်လို့ရပါသေးတယ်။ ကျွန်တော်အလုပ်ထဲမှာတော့ BRAS တစ်လုံးမှာ VR ငါးလုံးလောက်အထိထားတာကို ပြဿနာ မရှိပါဘူး။ Resources Utalization မှာ CPU usage တက်သွားတာမျိုးသိသိသာသာမရှိပါဘူး။
Juniper E Series တွေက အောက်ပါ XDSL Protocols တွေ အပြင်တခြား Protocol တွေကိုလဲ support လုပ်ပါသေးတယ်။
IP -> PPP -> ATM
IP -> PPP -> Ethernet -> ATM
IP -> Bridge Ethernet -> ATM

မှတ်ချက်။ BRAS Configuration ကိုကြည့်ချင်ရင်တော့ JUNOSe Broadband Access Configuration Guide ကိုကြည့်ပါ။