No Posts Reasons.

လက်ရှိအလုပ်မှာ ရှိတဲ့ Juniper Router တွေအကြောင်းလဲသိထားဖို့လုပ်ရဦးမယ်။

ရာထူးတက်ချင်တော့ Pearl အကြောင်းလဲ နားလည်ချင်သေးတယ်။

နောက်အလုပ်ပြောင်းရင် အဆင်ပြေအောင် CCIE ထိလည်း အောင်ထားချင်တယ်။ ဒီတော့ CCNP ကို မြန်မြန်ဖြေနေရတယ်။ညစာစားပြီးရင် ရုပ်ရှင်လည်းကြည့်ချင်တယ်။ အပေါ်ကပြောတဲ့ဟာတွေအတွက်လည်း စာဖတ်ချင်တယ်။

မိန်းမနဲ့ စကားပြောရင်း လမ်းလည်း ဆင်းလျှောက်ချင်တယ်။ Counter-Strike Online ကလဲ နေ့တိုင်းမဆော့ရင် Rank ကျသွားမှာစိုးလို့ ဆော့လိုက်ချင်တယ်။နေ၀င်နေထွက်လေးတွေ.. မြင်ကွင်းလေးတွေလဲ ဓါတ်ပုံရိုက်ချင်သေးတယ်။ ရိုက်ပြီးသားဓါတ်ပုံလေးတွေ သီချင်းနားထောင်ရင်းနဲ့ ပြင်ချင်တယ်။ မနက်မနက် မထနိုင်တော့ စောစောလဲ အိပ်ရအုံးမယ်။ကဲ..ဘလော့ဘယ်အချိန်ရေးရင်ကောင်းမလဲ..။

0 comments:

Post a Comment