Me and Internet.

ဟိုးရှေးရှေးတုန်းက.....တော့မဟုတ်ပါဘူး။ လွန်ခဲ့သောဆယ်စုနှစ်တစ်ခု ရဲ့အလယ်ပိုင်း ၁၉၉၅ ၀န်းကျင်လောက်..။စက်ဘီးစီးရင် ပါးလေးတွေပါနီပြီး ထုံလာတတ်တဲ့ လွိုင်ကော်မြို့ရဲ့ ချမ်းချမ်းစီးစီး ဆောင်းရာသီမနက်ခင်း တစ်ခုကို ကျွန်တော်သတိရသေးတယ်။ အဲဒီနေ့က အအေးနဲနဲပိုလို့ကျွန်တော်ရဲ့တစ်ထည်တည်းသောဂျင်းဂျတ်ကတ်ကို စက်ထိုးဆွယ်တာအကျီပေါ်ကနေ ထပ်ဝတ်ထားရတယ်။ နောက် ... BMX စက်ဘီးလေးကို ပွဲခင်းရှိတဲ့ လေယဉ်ကွင်းဘက် ခပ်သွက်သွက်နင်းလာခဲ့တယ်။ အဲဒီရက်ပိုင်းက ကယားဒေး အထိမ်းအမှတ်နဲ့ လေယဉ်ကွင်း နားကကွင်းပြင်မှာ ပွဲခင်းကြီး ရှိတယ်လေ။ ညဖက်ပဲ ပွဲခင်းကစည်တာဆိုပေမယ့် နေ့ခင်းဘက်လဲ ဆိုင်ခန်းတွေဖွင့်ထားတတ်ပါတယ်။ ပွဲခင်းထဲက ပညာရေးပြခန်း တစ်ခု မှာ ကျွန်တော့်သူငယ်ချင်းတွေ ပြောတဲ့ ကွန်ပျူတာ ဆိုတာကိုသွားကြည့်မလို့ပါ။ နောက်တော့ ဆရာမ တစ်ယောက်ကဘေးကနေ စောင့်နေပြီး ကျွန်တော့်ဘ၀မှာ ပထမဦးဆုံးအကြိမ် မောက်စ်ကို ကိုင်ခွင့်ရခဲ့တယ်။ Windows95 ဖြစ်လိမ့်မယ်ထင်တယ်။ သူကကျွန်တော့်ကို Microsoft Paint ဖွင့်ပေးလိုက်တယ်။ ကျွန်တော်က ခဲတံလေးတွေ ခဲဖျက်လေးတွေ နောက် အရောင်ချယ်တဲ့ Tools တွေကို စမ်းကြည့်ပြီး သဘောအကျကြီးကျခဲ့တယ်။ ဒါက ပထမဆုံးကွန်ပျူတာအတွေ့အကြုံပါ။ ၁၅ မိနစ်လောက်ပဲကြာခဲ့တယ်။ ဒီပစ္စည်းမျိုးနဲ့အသက်မွေးရလိမ့်မယ်လို့ မစဉ်းစားခဲ့မိဘူး....။

နောက် ၁၀ နှစ်လောက်ကြာတော့ ကျွန်တော့်ရဲ့ ပထမဦးဆုံး Google အကောင့်ကို MICT ရဲ့ Java စာသင်ခန်းထဲမှာဖွင့်ပြီး မေးပို့နေပါပြီ။
နောက် ၃ နှစ်လောက်အကြာမှာပဲ ကျွန်တော့်ဘ၀ရဲ့ ပထမဦးဆုံးကိုယ်ပိုင်လုပ်ငန်းအနေနဲ့ Cyber Cafe တစ်ခုကို ချိုင်းနာတောင်းမှာ ဖွင့်ဖြစ်ခဲ့တယ်။
နောက်နှစ်မှာပဲ စင်္ကာပူက Small ISP လို့ပြောလို့ရတဲ့ ကုမ္ပဏီလေး တစ်ခုမှာ NOC Engineer အဖြစ် လုပ်ခွင့်ရခဲ့တယ်။ Internet ရဲ့ ကန့်လန့်ကာ နောက်အတွင်းရေးတချို့ကို မြင်ခွင့်ရခဲ့တယ်။
၂ နှစ်လောက် လုပ်ပြီးတော့ကျွန်တော်သိပ်လုပ်ချင်တဲ့ ISP ခပ်ကြီးကြီးမှာသူတို့ရဲ့ Broadband Network ကို Maintain လုပ်တဲ့ Team မှာနေရာလွပ်တာမို့ သူတို့ထဲကိုပြောင်းနိုင်ခဲ့တယ်။
ဒီဟာ အင်တာနက်ရဲ့ မြေပုံတဲ့။ Google ကပြောတာပါ။ logical ပုံဖြစ်ပါလိမ့်မယ်။ ဒီပုံအရကြည့်မယ်ဆိုရင် ကျွန်တော်ဟာခု အပြာရောင် Router လိုအဆင့် မျိုးမှာ ကံကောင်းထောက်မစွာနဲ့ Operate လုပ်ခွင့်ရခဲ့တယ်။





ပျော်စရာတွေ ရယ်စရာတွေ လေ့လာစရာတွေ အားလုံးကို ဒီ Internet ကပဲရခဲ့တယ်။ ကျွန်တော့်ရဲ့ပညာရေး အလုပ်အကိုင် ရဲ့ ရာခိုင်းနုန်း တော်တော်များများ ကိုလဲ သူပဲစိုးမိုးနေခဲ့တယ်.............။ Spamming တွေ Malware တွေ Virus တွေ ကိုခဏမေ့ထားပြီး ဒီအကျိုးများလှတဲ့ Internet ဟာ ကျွန်တော့်အတွက်တော့ အပျင်းဖြေစရာထက် မကခဲ့ပါဘူးလို့ပဲပြောချင်ပါတယ်။

OSPF LSA Types

Exam မှာမေးနိုင်လောက်ပါတယ်။ Type တစ်ခုချင်းစီရဲ့အကြမ်းဖျင်းတွေပါ။ အပြည့်အစုံမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ မှတ်မိဖို့ အားစိုက်ထုတ်ရတဲ့ ခေါင်းစဉ်တွေထဲကတစ်ခုပါ။

၁။ Type - 1 : Router LSA လို့လဲ ခေါ်ပါတယ်။ OSPF Router တွေဟာ သူတို့နဲ့ ချိတ်ဆက်ထားတဲ့ Area တွေတိုင်းအတွက် သူတို့ကို ကိုယ်စားပြုတဲ့ Type 1 LSA တွေကို ဖန်တီးကြပါတယ်။ Area တစ်ခုချင်းစီရဲ့ LSDB တွေကိုကြည့်မယ်ဆိုရင် Area တစ်ခုအတွက် Route တစ်ခု၊ အဲဒီ Route အတွက် Type 1 LSA တစ်ခုစီ ရှိတာတွေ့ရမယ်။အဲဒီ ထဲမှာမှ RID တွေရယ် နောက် အဲဒီ Area ထဲမှာရှိတဲ့ Router ရဲ့ Interface တွေရဲ့ IP တွေ List လုပ်ထားပါမယ်။ သူဟာ *Stub Network ကို ကိုယ်စားပြုတယ်။

၂။ Type - 2 : Network LSA လို့လည်းခေါ်တယ်။ Transit Network တစ်ခုတိုင်းမှာရှိမယ်။ Subnet ပေါ်မှာရှိတဲ့ DR က create လုပ်ပြီးတော့ subnet နှင့် subnet ကိုချိတ်ထားတဲ့ router interface တွေကို ကိုယ်စားပြုတယ်။

၃။ Type - 3 LSA : Net Summary LSA လို့လည်းခေါ်တယ်။ ABR တွေက create လုပ်ပြီး Type 1 နဲ့ Type 2 LSA တွေရဲ့ Subnet list တွေကို တခြား Area ကို Advertise လုပ်တယ်။ သူ့ပိုင် Area ရဲ့ link တွေ cost တွေကို တခြား area ကိုသိစေတယ်။ ဒါပေမယ့် အဲဒီထဲမှာ topology data တွေတော့မပါဘူး။

၎။ Type - 4 LSA : ASBR Summary LSA လို့လည်းခေါ်တယ်။ Type -3 အတိုင်းပဲ ဒါပေမယ့် သူက ASBR ကိုရောက်နိုင်မယ့် host route ကိုထည့်ပြီး Advertise လုပ်တယ်။

၅။ Type - 5 LSA : AS External LSA လို့လည်းခေါ်တယ်။ ASBR တွေက OSPF ထဲကိုဝင်လာမယ့် အပြင် External Route အတွက်လုပ်ကြတယ်။

၆။ Type - 6 LSA : Group Membership LSA လို့လည်းခေါ်တယ်။ MOSPF အတွက်ပါ။ Cisco IOS တွေအတွက်မဟုတ်ဘူး။ (သေချာတယ်။ စာမေးပွဲမှာမပါဘူး :P)

၇။ Type 7 LSA : NSSA External LSA လို့လည်း ခေါ်တယ်။ Type 5 အတိုင်းပဲ။ ဒါပေမယ့် Area က NSSA ဖြစ်နေရင် ဒီ Type ကိုသုံးတယ်။

၈။ Type - 8 LSA : External Attributes LSA လို့လည်းခေါ်တယ်။ Cisco Router မှာအလုပ်မလုပ်ဘူး။ (ပြတ်သားတယ် :P)

၉။ Type 9-11 LSA : Opaque LSA များပါ။ သူတို့က Generic LSA တွေပါ။ အနာဂါတ်မှာအလွယ်တကူထပ်ချဲ့ဖို့လုပ်ထားတာတွေပေါ့။ ဥပမာ ဒီထဲက Type – 10 LSA ကို MPLS က သူ့ရဲ့ Traffic Engineering မှာသုံးဖို့မွေးစားလိုက်တယ်။

ဒီစာတွေဟာ Cisco စာအုပ်ထဲကမို့လို့ Cisco မှာသုံးမရတဲ့ LSA တွေအကြောင်းမပါပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလဲ လောလောဆယ် Cisco စာမေးပွဲပဲဖြေမှာမို့ ကျွန်တော်လဲပဲ သိဖို့မကြိုးစားမိသေးဘူး။

**Stub Network - OSPF Stub Network ဆိုသည်မှာသူနဲ့ သူရဲ့ OSPF Routing Domain ကို Default Route တစ်ခုတည်းဖြင့်သာချိတ်ဆက်ထားသော အကုန်ပိတ် တစ်ပေါက်ထွက် Area ဖြစ်သည်။ အဲဒီ Area မှာအပြင်ကိုထွက်ဖို့ တစ်ခြား Route များရှိနိုင်သော်လည်း Area အတွင်းရှိ Router များသည် Default Route တစ်ခုတည်းကိုသာ အပြင်ထွက်ရန်လမ်းကြောင်းအနေနှင့်သိကြသည်။


Ref : Cisco.Press.CCNP.ROUTE.642.902.Official.Certification.Guide.Feb.2010

BGP Vs IGPs


ကျွန်တော်တို့ရဲ့ BGP က တခြား IGP တွေနဲ့ တူတာတွေလဲရှိပါတယ်။ မတူတာတွေလဲရှိပေါ့။ သူက IGP တွေလို IP Prefix တွေ Advertise မလုပ်ပါဘူး ။ ဒါပေမယ့်လဲ တချို့ information တွေတော့ advertise လုပ်ရတာပေါ့။ ဥပမာ- သူက Network Layer Reachability Information (NLRI) ဆိုပြီး Prefix Length တွေကို Advertise လုပ်တယ်။ ဒါမှလဲ Route တွေအများကြီးထဲက ဘယ် Route ကိုရွေးရမလဲဆိုတာ သူသိမှာပါ။ မက်ကနဇင် အရပြောရရင်လဲ သူလဲပဲ Neighbour Relation တွေ လုပ်ထားရတာပဲ။ ဒါမှာ topology information တွေ exchange လုပ်လို့ရမယ်လေ။ OSPF တို့ EIGRP တို့လိုပါပဲ။

မတူတာတွေမှာတော့ သူကအားသာတာတွေများပါတယ်။ IGP တွေက သူ့ Neighbour တွေက ဒီလိုပဲ Subnet တူတူပေါ်မှာ Multicast တွေသုံးပြီး တွေ့တွေ့သွားကြတာပါ။ BGP ကျတော့၊ သူက သူ့Neighbour ဖြစ်ဖို့အတွက် subnet တူစရာမလိုဘူး။ ဒါတကယ်အားသာပါတယ်။ ဒါဆိုသူဟာ မတူတဲ့ Network Subnet နှစ်ခုကြားမှာ Neighbour Relationship ကိုဘယ်လိုထိန်းထားပါသလဲ။ သီးသန့် TCP Connection (port 179) ကိုသုံးပြီး BGP Message တွေဖလှယ်တာပါ။ ဒါကြောင့် Subnet တူတူ မတူတူ ကိစ္စမရှိပါဘူး။ ဒါပေမယ့် Neighbour Discoverying အတွက် သီးသန့် Configure လုပ်ဖို့လိုပါမယ်။(များသောအားဖြင့် မတူတဲ့ Subnet တွေ ကိုသာ အပြင်မှာတွေ့ရပါတယ်။)

နောက်… best route ကိုရွေးတဲ့နေရာမှာလဲ BGP ကတမျိုး။ တခြား Protocol တွေကတော့ Metric တွေပေါ်အခြေခံပြီးရွေးတယ်။ Metric ဆိုတာ Route ရဲ့ Property တစ်ခုပါပဲ၊ သူကအထဲမှာ Value တွေပါမယ်။ Routing Algorithm တွေက အဲဒီ Value တွေကိုကြည့်ပြီး ဘယ် Route က ဘယ် Route ထက်ပိုသာလဲရွေးတယ်။(Metric Value အနဲဆုံးကအကောင်းဆုံးပဲ)။ ဘာလို့ရွေးရလဲဆိုတော့ Dynamic Protocol တွေရဲ့တာဝန်အရ သူတို့တွေက တတ်နိုင်သလောက် ကောင်းသမျအကောင်းဆုံး Route များဖြင့်သာလျှင် Routing Table ကိုတည်ဆောက်ရမှာမို့ပဲ။ ဥပမာ- RIP က Metric Value တစ်ခုဖြစ်တဲ့ hopcounts တွေကိုကြည့်ပြီး ဘယ် Route ကကောင်းလဲဆုံးဖြတ်တာမျိုးပေါ့။ ထားပါတော့ Metric တွေကို။ BGP ကျတော့ ပိုရှုပ်ထွေးတဲ့ process တွေ နောက် Path Attribute လို့ခေါ်တဲ့ Metric လိုမျိုးနဲ့ BGP Message တွေဖလှယ်ကြပြီး အဲဒီ အမျိုးမျိုးသော information တွေပေါ်မှာအခြေခံပြီးတော့ရွေးပါတယ်။

ပြီးတော့ IGP တွေက တကယ့်ကို ထိရောက်လျှင်မြန်တဲ့ Route တွေကို ရွေးဖို့အားသန်ကြပေမယ့်၊ BGP ကျတော့ ကျယ်ပြန့်ကြီးမား ပြီး Stable ဖြစ်နိုင်မယ်ဆိုရင် သိပ်မြန်တဲလမ်းကြောင်းကိုတောင်ရွေးမှာမဟုတ်ဘူး။ ဒီနေရာမှာ BGP ဟာ အင်တာနက် Routing Protocol ဆိုတဲ့အတိုင်း အကြံကြီးပါလိမ့်မယ်။ Demand များများကို Handle လုပ်နိုင်မယ့် Route ကိုပဲရွေးပါမယ်။ Interior နဲ့ Exterior ခံယူချက်ချင်းကွာသွားပါပြီ။

Ref : Cisco.Press.CCNP.ROUTE.642.902.Official.Certification.Guide.Feb.2010